အကြောင်းအရာ

Bel Ga Myanmar Limited သည်နိုင်ငံခြားရင်းနှီးမြုပ်နှံမှု (၁၀၀%) Company တစ်ခုဖြစ်ပြီးမြန်မာနိုင်ငံတွင် ၂၀၁၇ ခုနှစ်မှစတင် တည်ထောင် ခဲ့ပါသည်။ဘယ်လ်ဂျီယံနိုင်ငံရှိ မျိုးရင်းခြံမွေးမြူရေးလုပ်ငန်းများနှင့် ကြက်သားဖေါက်ခြင်း  လုပ်ငန်းများလုပ်ကိုင်သည့် Belgabroed အဖဲ့အစည်းမှ 51% ၊ နယ်သာလန်နိုင်ငံရှိ တိရိစ္ဆာန်အစားအစာများ ထုတ်လုပ်သော De Heus Animal Nutrition BV မှ (၄၉%)ရင်းနှီးမြုပ်နှံမှုဖြင့်ပူးပေါင်းဖွဲ့စည်းထားသော အဖွဲ့အစည်းတစ်ခုဖြစ်ပါသည်။

Bel Ga Myanmar တည်ထောင်ခြင်း​၏အဓိကရည်ရွယ်ချက်မှာ အရည်အသွေးအထူးကောင်းမွန်မြင့်မားသော ကြက်သားပေါက်များအားမြန်မာ့ပြည်တွင်းစျေးကွက်တွင်ထုတ်လုပ်ဖြန့်ဖြူးနိုင်ရန်အတွက်ဖြစ်ပါသည်။ ကြက်သားပေါက်များ ထုတ်လုပ်ဖြန့်ဖြူးခြင်းအား ၁၅-မတ်လ-၂၀၁၈ တွင်စတင်ခဲ့ပါသည်။

၂၀၁၈ နှင့် ၂၀၁၉ ခုနှစ်များတွင် ဘယ်လ်ဂျီယံနိုင်ငံမှ ယူရိုပီယံကြက်ဥများမြန်မာနိုင်ငံသို့တင်သွင်းကာ မြန်မာနိုင်ငံ၊ ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့၊ မြောင်းတကာစက်မှုဇုံရှိ Bel Ga Myanmar ကြက်သားဖေါက်စက်ရုံတွင် အကောင်ဖေါက် မြန်မာပြည်တွင်းစျေးကွက်သို့ထုတ်လုပ်ဖြန့်ဖြူးခဲ့ပါသည်။ Bel Ga Myanmar Limited ​၏ ကြက်မျိုးရင်းခြံအား ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့၊ လှော်ကားကျေးရွာတွင်၂၀၁၉ ခုနှစ်တွင်စတင်တည် ဆောက် လျှက်ရှိပါသည်။ အဆိုပါကြက်မျိုးရင်းခြံမှ ပထမဦးဆုံးသောပြည်တွင်းကြက်ဥထုတ်လုပ်နိုင်မှုအား ၂၀၂၀ အစောပိုင်း ကာလတွင် စတင်ထုတ်လုပ်နိုင်ခဲ့ပါသည်။ ယူရိုပီယံ အဆင့်အတန်းမြင့် ကြက်သားပေါက်ထုတ်ကုန် များအား မြန်မာပြည် တွင်းရှိမွေးမြူရေးလုပ်ကိုင်သူတောင်သူများအတွက် အရည်အသွေးအဓိကကောင်းမွန်စေရန် အဓိကထား လုပ်ဆောင် လျှက်ရှိပါသည်။မွေးမြူသူတောင်သူများအတွက် ယူရိုပီယံနည်းပညာများမျှဝေခြင်း၊ လုပ်ဆောင်ရန်လိုက်နာရန်များ အသိပညာများဖြန့်ဝေခြင်းဖြင့်တောင်သူများအကျိုးစီးပွားပိုမိုဖြစ်ထွန်းစေရန်အဓိကထားလုပ်ဆောင်လျှက်ရှိပါသည်။ အမှီအခိုကင်း ၍နည်းပညာပိုင်းဆိုင်ရာ အသိပညာများကြွယ်ဝသော မွေးမြူရေး သမားများ​၏ အကောင်းဆုံး ရွေးချယ် ထောက်ခံသော Bel Ga ဖြစ်လာစေရန်အထူးအလေးထား ဆောင်ရွက် လျှက်ရှိပါသည်။


CHỨNG NHẬN QUỐC TẾ

၂၀၁၆ ခုနှစ်တွင် ထမဆုံးတစ်ဦးတည်းအပိုင်အဖြစ်  GLOBAL G.A.P POULTRY IFA ( Integrated Farm Assurance) Version 5.0 -2 နိုင်ငံတကာစံချိန်မှီ လက်မှတ်အား ဗီယက်နမ်နိုင်ငံတွင် အသားစားကြက်သားပေါက်ထုတ်လုပ်ခြင်း အတွက်ရရှိခဲ့ပါသည်။ ကျွန်တော်တို့ Bel Ga အတွက် သမိုင်းမှတ်တိုင်တစ်ခုဖြစ်ခဲ့ပြီး Customer များထံ Bel Ga ၏ ထုတ်ကုန်များမှာ ပတ်ဝန်းကျင်ထိခိုက်မှုမရှိပါဘဲ အကောင်းဆုံးအရည်အသွေးမြှင့်ထုတ်ကုန်များကိုသာ ထုတ်လုပ် ကြောင်း ထုတ်ကုန်များမှာ ဘေးအန္တရာယ်ကင်းရှင်း၍ စိတ်ချယုံကြည်နိုင်သော ထုတ်လုပ်မှုအဆင့်ဆင့်ဖြင့်တိကျ သေချာစွာထုတ်လုပ်ထားခြင်းဖြစ်ကြောင်းသက်သေပြနိုင်ခဲ့ပြီးဖြစ်ပါသည်။နှစ်စဥ်နှစ်တိုင်းBel Ga ကြက်မွေးမြူရေးခြံများ၊ ကြက်သားပေါက်စက်ရုံများမှာ GLOBAL G.A.P ဆက်လက်ရရှိသွားရန် ဘေးအန္တရာယ်ကင်းရှင်း၍ စိတ်ချယုံကြည်နိုင်သော ထုတ်လုပ်မှုအဆင့်ဆင့်ဖြင့်တိကျသေချာစွာထုတ်လုပ်ထား သော မွေးမြူရေးပစ္စည်းများကို ထုတ်လုပ်သွားမည်ဖြစ်ပါသည်။


၏တည်နေရာများBel Gà

မြန်မာနိုင်ငံရှိကြက်မွေးမြူရေးခြံများ

ဦးပိုင်အမှတ် ၁၁၁၉၊ ကွင်းအမှတ် ၆၈၀ B ၊ လှော်ကားကျေးရွာအနောက်ကွင်း ပဲခူးမြို့နယ်၊ ပဲခူးတိုင်းဒေသကြီး

မြန်မာနိုင်ငံရှိကြက်သားပေါက်ထုတ်လုပ်ရေးစက်ရုံ

အကွက်အမှတ် ၃၁၂ ၊ ၃၁၃၊ ၃၁၄ မြောင်းတကာစက်မှုဇုံ မှော်ဘီမြို့နယ်၊ရန်ကုန်တိုင်းဒေသကြီး၊ မြန်မာနိုင်ငံ

မြန်မာနိုင်ငံရှိရုံးချုပ်

အကွက်အမှတ် ၃၁၂ ၊ ၃၁၃၊ ၃၁၄ မြောင်းတကာစက်မှုဇုံ မှော်ဘီမြို့နယ်၊ရန်ကုန်တိုင်းဒေသကြီး၊ မြန်မာနိုင်ငံ

null

အရည်အသွေး

null

ပမာဏ

null

သယ်ယူပို့ဆောင်ရေး

null

နည်းပညာအကူအညီ