စိုက်ပျိုးမွေးမြူရေးပို့ကုန်များအားမြှင့်တင်နိုင်ရန်ယုံကြည်စိတ်ချရသောအစားအစာများထုတ်လုပ်နိုင်ရန်ရင်းနှစ်မြှပ်နှံခြင်း

စိုက်ပျိုးမွေးမြူရေးပို့ကုန်များအားမြှင့်တင်နိုင်ရန်ယုံကြည်စိတ်ချရသောအစားအစာများထုတ်လုပ်နိုင်ရန်ရင်းနှစ်မြှပ်နှံခြင်း

ယုံကြည်စိတ်ချရသောအစားအစာများထုတ်လုပ်ခြင်းတွင်ရင်းနှီးမြှပ်နှံခဲ့ခြင်းဖြင့် ဗီယက်နမ်နိုင်ငံတွင် ၂၀၁၈ ခုနှစ်အတွင်း စိုက်ပျိုးမွေးမြူရေးတင်ပို့ကုန်လုပ်ငန်းမှ အမေရိကန်ဒေါ်လာ ၄၀ ဘီလီယန် ဝင်ငွေရရှိခဲ့ပါသည်။ အဆိုပါလုပ်ငန်းများ အကောင်အထည် ဖော်ဆောင်ရွက်ခြင်းဖြင့် လာမည့်နှစ်များတွင်တင်ပို့ကုန်များမှ များစွာဝင်ငွေရရှိလာမည်ဖြစ်ပါသည်။ တိရိစ္ဆာန်ထုတ်ကုန်များ၊အသီးအနှံများ၊ ဟင်းသီးဟင်းရွက်များ စသည့်စိုက်ပျိုးမွေးမြူရေးထုတ်ကုန်များတွင် စျေးကွက် အသစ်များဖြစ်ထွန်းလာစေခြင်းဖြင့် ပြည်တွင်တောင်သူများအစားအသောက်ထုတ်ကုန်လုပ်ငန်းလုပ်ကိုင်သူများ၊ ပို့ကုန်လုပ်ငန်း လုပ်ကိုင်သူများ၊ ဝင်ငွေပိုမိုရရှိစေနိုင်ပြီး ဗီယက်နမ်နိုင်ငံ၏ ၂၀၁၈ ခုနှစ်အတွင်း စိုက်ပျိုးမွေးမြူရေးတင်ပို့ကုန်လုပ်ငန်းမှ အမေရိကန်ဒေါ်လာ ၄၀ ဘီလီယန် ဝင်ငွေရရှိနိုင်ရန်အထောက်အပံကောင်းများဖြစ်လာစေခဲ့ပါသည်။

နောက်လာမည့် ၃ နှစ်အတွင်းတွင် ကမ္ဘာ့ဘဏ်၏ အဖွဲ့ဝင်တစ်ခုဖြစ်ပြီး နယူးဇီလန်နိုင်ငံနှင့်လုပ်ဖော်ကိုင်ဘက်ဖြစ်သည့် IFC မှ တောင်သူပေါင်း အယောက် ၁၀၀၀ အား ယုံကြည်စိတ်ချရသောအစားအစာထုတ်လုပ်ခြင်းလုပ်ငန်းဖြစ်စဥ်များ လိုက်နာ ဆောင်ရွက်ရန်များ၊ ရှောင်ရန်ဆောင်ရန်များအား ကမ္ဘာ့အသိအမှတ်ပြု G.A.P စံချိန်စံညွှန်းများနှင့်အညီ အခြေခံလိုအပ်ချက် များအားသင်ကြားဟောပြောမည့်အစီအစဥ်များအကောင်အထည်ဖော်ဆောင်ရွက်မည်ဖြစ်ပါသည်။

အဆိုပါပရောဂျက်မှ အပြင်းအထန်သေချာသင်ကြားပြသပေးပြီး အများဆုံး တောင်သူ အယောက် (၂၀) ၏ စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများတွင် ကမ္ဘာ့အသိအမှတ်ပြု နိုင်ငံတကာစံချိန်စံညွှန်းများနှင့်အညီလုပ်ကိုင်သည်ဟုအသိအမှတ်ပြု GLOBAL G.A.P လက်မှတ်များရရှိနိုင်ရန်စွမ်းဆောင်ကူညီသွားမည်ဖြစ်ပါသည်။ သို့ဖြစ်၍ စိုက်ပျိုးမွေးမြူရေးလုပ်ကိုင်သည့်တောင်သူများမှ နိုင်ငံတကာစံချိန်စံညွှန်းများအတိုင်းလုပ်ကိုင်မည့်အလားအလာရှိသောစိုက်ပျိုးမွေးမြူရေးခြံများအားလိုက်လံရှာဖွေသွားမည်ဖြစ်ပြီးတောင်သူများအတွက်အခွင့်အရေးကောင်းများဖြစ်ပါသည်။

နိုင်ငံတကာစံချိန်စံညွှန်းများအတိုင်းယုံကြည်စိတ်ချရသော စားသောက်ကုန်ထုတ်လုပ်ခြင်းဟာ စျေးကွက်စီးပွားရေးအသစ် ကို ဖော်ဆောင်လာမှာဖြစ်တဲ့အတွက် ၂၀၁၈ မှ စ၍ လာမည့်နှစ်များအတွင်း ဗီယက်နမ်နိုင်ငံ၏ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းမှ ဝင်ငွေ အမေရိကန်ဒေါ်လာ (၄၀) ဘီလီယံ ရရှိရန်အရေးပါသည့်အချက်တသ်ချက်ဖြစ်ကြောင်း၊ မိမိအနေဖြင့် IFC မှ စိုက်ပျိုးမွေးမြူရေး လုပ်ငန်းလုပ်ကိုင်သူတောင်သူများအား ထိုသို့ဆက်သွယ်ပံ့ပိုးပေးခြင်းဖြင့်ပြည်တွင်းပြည်ပတွင်နိုင်ငံတကာအဆင့်မှီ စျေးကွက် စနစ်များဖြစ်ပေါ်ဘာနိုင်ပြီး ဗီယက်နမ်နိုင်ငံရှိ တောင်သူများ၊ စီးပွားရေးလုပ်ငန်းများ စားသုံးသူများအပြန်အလှန်အကျိုးရှိသဖြင့် များစွာကျေနပ်အားရကြောင်း နယူးဇီလန် သံအမတ်ကြီးမှ ဗီယက်နမ်နိုင်ငံသို့ပြောကြားခဲ့သည်။

food safety investment to boost agricultural exports
 နှင့် နယူးဇီလန်နိုင်ငံမှ အသေးစားစိုက်ပျိုးမွေးမြူရေးခြံများအား ကမ္ဘာ့အသိအမှတ်ပြု G.A.P လက်မှတ်များ ရရှိနိုင်ရန်စွမ်းဆောင်ကူညီသွားမည်။

Chia sẻ bài viết


null

အရည်အသွေး

null

ပမာဏ

null

သယ်ယူပို့ဆောင်ရေး

null

နည်းပညာအကူအညီ