ထုတ်ကုန်များ


ကျွန်တော်တို့ Bel Ga ၏ အဓိကရည်ရွယ်ချက်မှာ အရည်အသွေးအထူးကောင်းမွန်ဆုံး အသားသားနှင့်ဥစား ကြက်သား ပေါက်များ အား European စံချိန်စံညွှန်းများနှင့်အညီထုတ်လုပ်နိုင်ရန်ဖြစ်ပါသည်။ ကျွန်တော်တို့၏ ထုတ်ကုန်များသည် ရောဂါကင်းဝေး၍ ဇီဝလုံခြုံရေးအထူးမြှင့်တင်ထားသည့် အရည်အသွေးထိန်းချုပ်မှု စနစ်အားလုံးဝစနစ်ကျစွာ တည်ဆောက် ထားသည်။ အရည်အသွေးအထူးကောင်းမွန်သော ကြက်ဥများ၊ အင်အားပြည့်ဝသောကြက်သားပေါက်များမှ အကောင်းဆုံးထုတ်ကုန်အရည်အသွေးများ ဖြစ်သည့်အတွက် ကြက်မွေးမြူသူတောင်သူများအနေဖြင့် အကျိုးအမြတ်များစွာပေါ်ထွန်းနိုင်မည်မှာမလွဲဖြစ်ပါသည်။

အရည်အသွေးအထူးကောင်းမွန်သော ကြက်သားပေါက်မျိုးရင်းများဖြစ်သော Ross 308 နှင့် Bovans Brown မျိုးရိုးကြက်ပေါက်များအား Aviagen နှင့် Hendrix များမှ ပြည်ပမှတင်သွင်းပါသည်။ တင်သွင်းလာသော ကြက်မျိုးရင်းများအား ကျန်းမာရေးဆိုင်ရာလုံခြုံကောင်းမွန်မှု၊ ကာကွယ်ဆေးအလုံအလောက်ရရှိမှု စသည့် လိုအပ်ချက်များအား ဗီယက်နမ်နိုင်ငံနှင့်မြန်မာပြည်ဥပဒေများအတိုင်းလိုက်နာစိစစ်လျှက်တင်သွင်းပါသည်။Bel Ga သည် Rearing အတွက် ကြက်ခြံအမျိုးအစားနှင့် ထုတ်လုပ်ရေးအတွက် ကြက်ခြံအမျိုးအစား ဆောက်လုပ်ပုံအား ကွဲပြားသောနည်းလမ်းများနှင့် လိုအပ်ချက်အပေါ်မူတည်၍ ဆောက်လုပ်ထားပါသည်။

European စံချိန်စံညွှန်းများနှင့်အညီ သားပေါက်မွေးမြူရေးဆိုင်ရာအချက်အလက်များအား APROS နည်းပညာဖြင့်အရည်အသွေးထိန်းချုပ်မှုစနစ်အားလုပ်ဆောင်ထားပါသည်။European မှ နည်းပညာကျွမ်းကျင်သူများမှ ပုံမှန်လာရောက်၍ စနစ်တကျသင်ကြားပြသ လမ်းညွှန်စစ်ဆေးလျှက် အရည်အသွေးအားအဓိကထားလုပ်ဆောင်လျှက်ရှိသည်။

အကောင်းဆုံးအရည်အသွေးမြင့်ကြက်သားပေါက်များအား ကျွန်တော်တို့၏ Customer များအတွက်ထုတ်လုပ်နိုင်ရန် စိတ်အား ထက်သန်စွာ အထူးအလေးထားဆောင်ရွက်လျှက်ရှိပါသည်။ကျွန်တော်တို့ Bel Ga သည် လုံးဝယုံကြည်စိတ်ချရသော အကောင်းဆုံးဥစား၊ အသားစားကြက်သားပေါက်များထုတ်လုပ် ဖြန့်ချီလျှက်ရှိပါသည်။ကျွန်တော်တို့ Bel Ga သည် ကြက်သား ပေါက်များ မွေးမြူသူလက်ထဲသို့ရောင်းပေးယုံသာမဟုတ်ပါ။ မွေးမြူသူတောင်သူများ အကျိုးစီးပွား အကောင်းဆုံး ဖြစ်ထွန်း စေရန် လိုအပ်သော နည်းပညာပိုင်းဆိုင်ရာများ အသိပညာများ စနစ်တကျလိုက်နာကျင့်သုံးရန်များအားကွင်းဆင်းလျှက် စောင့်ကြည့်ပံ့ပိုး ပေးလျှက်ရှိပါသည်။

 

ကျွန်ုပ်တို့၏ဖောက်သည်များနှင့်အတူကျွန်ုပ်တို့သည်အနာဂတ်အတွက်ပြင်ဆင်ရန်ရည်ရွယ်သည်

null

အရည်အသွေး

null

ပမာဏ

null

သယ်ယူပို့ဆောင်ရေး

null

နည်းပညာအကူအညီ